- Get link
- X
- Other Apps
Adcash in page
Adcash banner
- Get link
- X
- Other Apps
Detox Water လို့ခေါ်တဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို သန့်စင်ဖယ်ရှားပေးတဲ့ သောက်စရာအရည်များကို ယခုအခါ တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါပြီ။ သစ်သီး၊ ဟင်းသီးဟင်းသီးဟင်းရွက် မျိုးစုံကို သဘာဝအတိုင်းပြင်ဆင်ပြီးလွယ်ကူစွာ သောက်သုံးနိုင်ပြီး လူတိုင်းသာက်သုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရရင် ယနေ့ခေတ်တွင် လူသားတွေဟာ နေ့စဉ်စားသောက်နေကြတဲ့ အစားအသာက်တွေမှာ ဓာတုပစ္စည်းများ၊ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေသောအရာာများဖြစ်တဲ့ တာရှည်ခံဆေးများကို ပိုမိုထည့်သွင်းအသုံးပြုလာကြသောကြောင့်ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များလာသော လက္ခဏာများမှာ လေပွခြင်း၊ ဝမ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝက်ခြံထွက်ခြင်းတို့အပြင် အခြား နေထိုင်၍မကောင်းစသော အရာများ ဖြစ်စေတတ်ပါသည်။ ထို့ကြောင့်အဆိုပါအဆိပ်များသောကြောင့် ဖြစ်သောလက္ခဏာများကို အရသာရှိတဲ့ Detox Water အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဖရဲသီး Detox
ဖရဲသီးစိတ်၊ ငရုတ်ကောင်းမှုန့်၊ ပူစီနံရွက်တို့ကို ဖန်ခွက်ထဲတွင် ရေဖြင့်စိမ်ကာသောက်နိုင်ပါသည်။
၂။ ဂျင်းသံပုယို Detox
ဂျင်းတက်၊ သံပုယိုသီး၊ နံနံပင်ရွက်တို့ကို ဖန်ခွက်ထဲတွင် ရေဖြင့်စိမ်ကာသောက်နိုင်ပါသည်။
၃။ ပန်းသီးလေးညှင်းပွင့် Detox
ပန်းသီးစိတ်၊ သစ်ကြမ်းပိုးခေါက်မှုန့်၊ လေးညှင်းပွင့်ခြောက်တို့ကို ဖန်ခွက်ထဲတွင် ရေဖြင့်စိမ်ကာသောက်နိုင်ပါသည်။
၄။ ချဉ်ပြုံးပြုံး Detox
သံပုယိုသီး၊ လိေမ္မာ်သီး၊ သခွားသီးတို့ကို ဖန်ခွက်ထဲတွင် ရေဖြင့်စိမ်ကာသောက်နိုင်ပါသည်။
၅။ လက်ဖက်စိမ်းပန်းသီး Detox
လက်ဖက်ခြောက်၊ ပန်းသီး၊ စတော်ဘယ်ရီသီးတို့ကို ဖန်ခွက်ထဲတွင် ရေဖြင့်စိမ်ကာသောက်နိုင်ပါသည်။
၆။ သခွားသီးအုန်းစိမ်း Detox
သခွားသီး၊ အုန်းရည်၊ ပူစီနံရွက်တို့ကို ဖန်ခွက်ထဲတွင် ရေဖြင့်စိမ်ကာသောက်နိုင်ပါသည်။
Detox သောက်ခြင်းဖြင့်ရရှိလာမည့် အကျိုး ကျေးဇူးများကတော့
- ကိုယ်အလေးချိန်လျာ့ကျခြင်း
- ဝမ်းမှန်ခြင်း
- ကိုယ်ခံအားတက်စေခြင်း
- အသားအရေကြည်လင်သန့်ရှင်းလာခြင်း
- ကိုယ်တွင်းကလီစာများ သန့်ရှင်းစေခြင်း
- စိတ်ကြည်လင်ခြင်း စသည်တို့ဖြစ်ပါသည်။
Comments
Post a Comment