Adcash in page

Adcash banner

အရသာလည်းရှိ၊ ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ကြံရည်

နွေရာသီရောက်လာတဲ့အခါမှာ လူတိုင်း မဖြစ်မနေ ကြံရည်တစ်ခွက်အနည်း‌ဆုံးသောက်ဖြစ်ကြပါတယ်။ ဘာလို့ဆို ကြံရည်ဟာ အရသာအလွန်ကောင်းမွန်ပြီး နွေရာသီမှာ ချွေးထွက်လွန်ပြီး ကုန်ခမ်းသွားတဲ့ သကြားဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းပေးတာကြောင့် ကြံရည်သောက်ပြီးတဲ့အခါမှာ လူရောစိတ်ရော လန်းဆန်းသွားတတ်တာကြောင့်ပါ။ အခုကတော့ ကြံရည်ရဲ့ အရသာရှိရုံတင်မက ကျန်းမာရေးအတွက်ပါ ဘယ်လိုအထောက်အကူပြုသလဲဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အားအင်ချက်ချင်းပြည့်စေခြင်း
ကြံရည်ဟာ သကြားဓာတ်ပြည့်ဝပြီး အစာအိမ်ကနေချက်ချင်းစုပ်ယူတာကြောင့် ကုန်ခမ်းသွားတဲ့ စွမ်းအင်ကို ပြန်လည်ပြည့်စေပါတယ်။

၂။ အသည်းလုပ်ငန်းစဉ်များကို အားကောင်းစေခြင်း
ကြံရည်ဟာ အယ်လ်ကာလိုင်းဓာတ်ကြွယ်ဝတာကြောင့် electrolyte ညီမျှမှုကို ထိန်းသိမ်းစေကာ အသည်းကို ကူညီပေးပါတယ်။

၃။ ကင်ဆာကာကွယ်နိုင်ခြင်း
ကြံရည်မှာ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်ဓာတ်များကြွယ်ဝစွာပါဝင်သောကြောင့် ကင်ဆာကို ကာကွယ်နိုင်စွမ်းရှိပါတယ်။

၄။ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
ကြံရည်ဟာ ပိုတက်စီယမ်ဓာတ်ပြည့်ဝခြင်းကြောင့် အစာအိမ်အတွင်း အက်စစ်ဓာတ်ကို ထိန်းညှိပေးပါသည်။ 

၅။ ကျောက်ကပ်ထိန်းသိမ်းပေးခြင်း
ကြံရည်တွင် အဆီဓာတ်နှင့် ဆိုဒီယမ်နည်းပါးခြင်းကြောင့် ကျောက်ကပ်ကို အလုပ်လုပ်ရာတွင် ဝန်မပိစေကာ ကျောက်ကပ်ပုံမှန်လုပ်ငန်းစဉ်ကို ထိန်းသိမ်းပေးပါသည်။

၆။ အရိုးနှင့်သွားများ ခိုင်မာစေခြင်း
ကြံရည်တွင် ကယ်လ်စီယမ်ဓာတ်ကြွယ်ဝသောကြောင့် အရိုးနှင့်သွားများ ဖွံ့ဖြို့မှုကို အထောက်အကူပြုစေပါသည်။ 

Comments