Adcash in page

Adcash banner

အကျိုးကျေးဇူးများတဲ့ ဒန့်သလွန်

မြန်မာပြည်မှာ အတွေ့ရများတဲ့ ဒန့်သလွန်ပင်ဟာ အသီးသာမက အစေ့၊ အရွက်နှင့် အပွင့် အားလုံးဟာ လူ့ခန္ဓာကိုယ်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အာဟာရများစွာ ပါရှိနေပါတယ်။ အပင်သည်လည်း စိုက်ရတာလွယ်ကူကာ ယခုအခါ နေရာအချို့တွင် တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလာကြပါပြီ။ ဒီလောက်တန်ဖိုးများတဲ့ ဒန့်သလွန်ပင်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

၁။ ပန်းနာရင်ကြပ်ရာဂါ

ပန်းနာရင်ကြပ်ရာဂါဟာ အဆုတ်‌ေလပြွန်များ ရောင်ရမ်းတဲ့ ရောဂါဖြစ်ပါတယ်။ ဒန့်သလွန်သီး သို့မဟုတ် အရွက်ကို နေ့စဉ်အနည်းငယ်စားပေးပါက ပန်းနာရင်ကြပ်ရာဂါကို သက်သာစေပါတယ်။
၂။ ဆီးချိုသွေးချိုရောဂါ

ဆီးချိုရောဂါရှင်များအနေဖြင့် ထမင်းစားတဲ့အခါမှာ ဒန့်သလွန်ရွက်ပြုတ် သို့မဟုတ် အရွက်သုပ်အနေနဲ့စားပေးပါက ဆီးချိုဆေးသာ သောက်နေသောလူနာများထက် ဆီးချိုပမာဏကို ပို၍ထိန်းချုပ်နိုင်ပါသည်။
၃။ မိခင်နို့ထွက်များ‌စေခြင်း

မိခင်နို့ရည်ဟာ မွေးကင်းစကလေးများအတွက် အလွန်အရေးပါပါသည်။ ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကိုယ်ခံအားနှင့်ကြီးထွားမှုများအတွက် မရှိမဖြစ်လိုအပ်ပါသည်။ မီးဖွားပြီးခါစ မိခင်များ နို့အထွက်နည်းနေပါက ဒန့်သလွန်ရွက်ကို ပြုတ်သောက်ပါက နို့ထွက်ကောင်းလာပါမည်။
၄။ အာဟာရချို့တဲ့ခြင်း

အာဟာရချို့တဲ့နေသော၊ ကိုယ်အလေးချိန်မပြည့်မီသော ကလေးများအနေဖြင့် ဒန့်သလွန်အသီးနှင့် အရွက်ကို စားသုံးပေးပါက ကိုယ်အလေးချိန်တက်လာနိုင်ပါသည်။
၅။ သွေးဆုံးကိုင်ဝေဒနာများ

အသက် ၄၀ ကျော် အမျိုးသမီးများဟာ သွေးဆုံးကိုင်လက္ခဏာများကို ကြုံတွေ့ရလေ့ရှိပါသည်။ သွေးဆုံးကိုင် လက္ခဏာများဖြစ်သော မျက်နှာနီပြီး စပ်ဖြင်းဖြင်းဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ မိန်းမကိုယ်ယားယံခြင်း စသည်များကို သက်သာစေရန် ဒန့်သလွန်ရွက်နှင့် အသီးကို သုံးလအထိ ပုံမှန်နေစဉ့်နီးပါးစားပေးနိုင်ပါသည်။
၆။ သွေးတိုး

သွေးတိုးရောဂါဟာ ယခုအခါ လူကြီးများသာမက လူလတ်ပိုင်းအရွယ်များပါ အဖြစ်များလာပါသည်။ သွေးတိုးရောဂါဟာ နောက်ဆက်တွဲရောဂါများတတ်သောကြောင့် အထူးဂရုစိုက်သင့်ပါသည်။ သွေးတိုးရောဂါရှိသောသူများအနေဖြင့် ဒန့်သလွန်ရွက်ကို အရည်ကျိုသောက်ပါက သွေးတိုးကို ကောင်းစွာထိန်းချုပ်ထားနိုင်ပါသည်။

Comments